Main menu

ကန့်ဘလူမြို့၌ အညာဒေသထွက် မြေပဲယို ဈေးနှုန်းအနည်းငယ်ကျဆင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် မြေပဲယိုများကို ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်းမှာ (၁)ပိဿာလျှင် (၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၉၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ မြေပဲယိုကို မြေပဲ၊ ထန်းလျက် စသည့်တို့ဖြင့် ပြုလုပ်ထားသည့်အတွက် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်၍ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)