Main menu

ပုသိမ်မြို့အတွင်းရှိ စားအုန်းဆီလက်လီရောင်းချသောဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အမှတ်(၁) ရပ်ကွက်အတွင်းရှိ စားအုန်းဆီလက်လီရောင်းချသောဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

           ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ထင်သာမြင်သာရှိသောနေရာတွင် စားအုန်းဆီရောင်းဈေးပါရှိသော ဆိုင်းဘုတ်အား ချိတ်ဆွဲထားရန်၊ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် သာရောင်းချရန်နှင့် အလေးချိန် အချိန်အတွယ် မှန်ကန်မှုစွာရောင်းချရန် ပြောကြားပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)