
တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် စားအုန်းဆီရောင်းချသောလက်ကားဆီကိုယ်စားလှယ် လုပ်ငန်းရှင်များအား ဆီဈေးနှုန်းများကို သက်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချကြရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းရောင်းချမှုမရှိစေရန်ဟောပြောခဲ့ပြီးစားသုံးသူအခွင့်အရေးနှင့်စားသုံးသူ၏အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက် ချက်များအား တိုင်းဒေသကြီးဦးစီးမှူး ၊ညွှန်ကြားရေးမှူး ဦးဝင်းထွန်းမှ စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်များအားစားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း အသိပညာပေးဆောင်ရွက်လျက်ရှိရာ(၁၇.၇.၂၀၂၅)ရက်နေ့ဆီရောင်းချသောလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေး ဥပဒေကိုပြဌာန်းဆောင်ရွက်ခဲ့မှုအကြောင်း၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်၊ စားသုံးသူပြည်သူများ ရပိုင်းခွင့်ရှိသောစားသုံးသူအခွင့်အရေး (၈) ချက်နှင့် စားသုံးသူ၏ တာဝန်များအကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များဈေးကွက်စောင့်ကြည့်၊ ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် ဆီဈေးနှုန်းများကို ဈေးနှုန်းများမြှင့်တင်ရောင်းချမှုမရှိစေရေး အထူးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)