
မန္တလေးမြို့အတွင်းသို့ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းများမှ အာလူးများ ဝင်ရောက်လျက်ရှိပါသည်။ဝင်ရောက်သည့်အာလူးများအနေနှင့် သီရီမာလာကုန်စိမ်းတန်း နှင့် ပွဲရုံများသို့အာလူးအလုံးကြီး အလုံးသေး နှစ်မျိုးလုံးဝင်ရောက်လျက်ရှိပါသည်။အာလူးအလုံး ကြီးများကို စာသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းအာလူးကြော်နှင့်အာလူးအလုံးသေးများကို အာလူးဆနွင်းမကင်း၊ အာလူးထမင်းနှင့် အာလူးထောင်းကြော်လုပ်ငန်းများမှ ဝယ်ယူမှုရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့ပွဲရုံများတွင်အာလူးဈေးကွက်အနေဖြင့် အာလူးအလုံးကြီး(၅)ပိဿာ လျှင်၂၅၀၀၀ကျပ်မှ၂၂၀၀၀ကျပ်၊ အာလူးအလုံးသေး(၅)ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်တို့ နှင့်အရောင်းအဝယ်ဖြစ်ပြီး လက်လီဈေးကွက်အနေဖြင့် အာလူးအလုံးကြီး(၁)ပိဿာလျှင် ၇၀၀၀ကျပ် မှ ၆၅၀၀ကျပ်၊ အာလူးအလုံးသေး(၁) ပိဿာလျင်၄၅၀၀ကျပ်မှ၄၀၀၀ကျပ်တို့နှင့် ဈေးကွက် တွင် အရောင်းအဝယ်ဖြစ်ကြောင်းနှင့် မန္တလေးမြို့အနီးဝန်းကျင်မြို့များသို့ ကုန်စည်စီးဆင်းမှု ရှိကြောင်းလည်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)