Main menu

မိတ္ထီလာခရိုင်တွင် စားအုန်းဆီ ရောင်းချသူများနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

            စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးမှ ၂၀၂၅ ခုနှစ်ဇူလိုင်လ(၂၁) ရက်နေ့တွင် မိတ္ထီလာခရိုင်နှင့်ရမည်းသင်းခရိုင်တို့ရှိ ဆီကုန်သည်အသင်းမှ စားအုန်းဆီ လက်လီ/ လက်ကား ရောင်းချသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ စားအုန်းဆီ ရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

         ဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူးမှာ စားအုန်းဆီ လက်လီ/ လက်ကား ကိုယ်စားလှယ်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေး၊ ရပ်ကွက်/ ကျေးရွာများအရောက်သွားရောက် ရောင်းချရာတွင် စာအုပ်ပါ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ရောင်းချရေး၊ အများမြင်သာသည့် နေရာတွင် ဗွီနိုင်းများ ချိတ်ဆွဲရောင်းချရေး၊ အလေးချိန်နှင့်အချင်အတွယ်များ မှန်ကန်စွာရောင်းချရေး၊ ရောင်းချရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီ မှန်မှန်ကန်ကန် ရောင်းချရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးပွဲကို ဆီကိုယ်စားလှယ် ( ၈၅ ) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)