
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မြို့နယ်များမှ စိုက်ပျိုးထွက်ရှိသော စပါးများကို ဆန်စက်ကြီးများမှ ကြိတ်ခွဲလျက်ရှိပြီး ထွက်ရှိလာသော ဆန်ကွဲနှင့် ဖွဲနုများကို ရန်ကုန်သို့အဓိကထားတင်ပို့ပြီး ရန်ကုန်ဘုရင့်နောင်၊ ရွှေပြည်သာ၊ ဆူးလေ၊ လှိုင်သာယာ ပွဲရုံ၊ မရမ်းကုန်းပွဲရုံ၊ အလုံဆိပ်ကမ်း အလုံမြို့ ၊ ရန်ကုန်စက်မှုဇုန်များနှင့် ပဲခူးမြို့ တို့ကိုသာ နေ့စဉ်စီးထွက်ကြောင်း သိရသည်။ ၂၀၂၅ခုနှစ် ဇူလိုင်လတင်ပို့မှုမှာ မအူပင်ခရိုင်မှ မအူပင် ဆန်ကွဲ၊ ၁၅၄၀အိတ်၊ ပန်းတနော် ဆန်ကွဲ ၁၆၀၅အိတ်၊ ညောင်တုန်း ၅၂၂၇၅အိတ်၊ ဓနုဖြူ ဆန်ကွဲ ၆၁၂၀အိတ် ဆန်ကွဲတင်ပို့မှုစုစုပေါင်း ၆၁၅၄၀ အိတ်အရေအတွက်နှင့် တန်အားဖြင့် ၃၀၇၇ တန်နှင့် အခြား မြို့နယ်များမှ ၇၂၂၄၀ အိတ် တန်အားဖြင့် ၃၆၁၂ တန် တင်ပို့ခဲ့သည်။ ယခုလတင်ပို့မှုနှင့်နှိုင်းယှဉ်ပါက ဇွန်လက ၄မြို့နယ် ဆန်ကွဲတင်ပို့မှုမှာ (၈၄၆၅၈) အတိတင်ပို့ခဲ့ပြီး ယခုလ ၂၃၁၁၈ အိတ် လျော့နည်းတင်ပို့ခဲ့သည်။ အခြားမြို့နယ်များက ဇွန်လက (၈၁၈၁၈) တင်ပို့ခဲ့သောကြောင့် ယခုလ ၉၅၇၈ လျော့နာ်း တင်ပို့နိုင်ကြောင်း ပန်းတိုင်စစ်ဆေးရေးဂိတ်၏ စာရင်းများ အရသိရသည်။
DOCA(ဧရာဝတီ)