Main menu

Yum Yum Myanmar အသင့်စားခေါက်ဆွဲခြောက်လုပ်ငန်းအား အသိပညာပေးဟောပြောခြင်း

Powered by Drupal

          (၂၂.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် အမှတ်(၁၉၇၊ ၁၉၈၊ ၁၉၉)၊ (၁၀)လမ်း၊ ဇေကမ္ဘာဝင်း၊ ရန်ကုန်စက်မှုဇုန်၊ မင်္ဂလာဒုံမြို့နယ်ရှိ Yum Yum Myanmar အသင့်စားခေါက်ဆွဲခြောက် လုပ်ငန်းစက်ရုံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဟောပြောပွဲဆောင်ရွက်ရာတွင် ဒေါ်နီလာဝင်း ဦးစီးမှူးမှ Yum Yum Myanmar စက်ရုံ မန်နေဂျာနှင့်ဝန်ထမ်း(၁၂)ဦးအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်းအမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဆုံးရှုံးနစ်နာမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)