Main menu

ARDB နှင့် NABARD တို့ လယ်ယာဘဏ္ဍာရေးဆိုင်ရာ ဆက်ဆံမှုများ မြှင့်တင်ရန် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး

Powered by Drupal

    နှစ်နိုင်ငံအစိုးရပိုင်ဘဏ်များအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်အတွက် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ် (ARDB) သည် အိန္ဒိယ၏ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ် (NABARD) နှင့် နားလည်မှုစာချွန်လွှာ (MoU) ကို ၁၈-၇-၂၀၂၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂၁-၇-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ARDB ၏ ထုတ်ပြန်ချက်အရ ARDB နှင့် NABARD တို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း သည် ကမ္ဘောဒီးယားနှင့် အိန္ဒိယဘဏ်များကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်နှင့် အားကောင်းစေရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုနားလည်မှုစာချွန်လွှာသည် စိုက်ပျိုးရေးနှင့် လယ်ယာ-စက်မှုတန်ဖိုးကွင်းဆက်များအတွက် ငွေကြေးထောက်ပံ့မှုအပေါ် အထူးအလေးပေးခြင်းဖြင့် ဖွံ့ဖြိုးရေးဘဏ်နှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်း စေရန်ရည်ရွယ်သည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် နားလည်မှု စာချွန်လွှာတွင် ရေရှည်တည်တံ့သောဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကိုပံ့ပိုးပေးသည့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ (ADFIAP) ၏ လှုပ်ရှားမှုများကိုမြှင့်တင်ရန် ပူးပေါင်း ဆောင်ရွက်ခြင်းလည်း ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။

DOCA (ရန်ကုန်)