Main menu

ကမ္ဘောဒီးယားနိုင်ငံမှ EU သို့ တင်ပို့မှုသည် ၂၀၂၅ ခုနှစ်၊ ပထမ နှစ်ဝက်တွင် ကန်ဒေါ်လာ ၂.၄ ဘီလီယံအထိ မြင့်တက်လာ

Powered by Drupal

     ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် ဥရောပသမဂ္ဂ (EU) ဈေးကွက် သို့ ကန်ဒေါ်လာ ၂.၄ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၀.၆ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း ၂၁-၇-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်တရားဝင် အစီရင်ခံစာအရ သိရသည်။ EU ဈေးကွက်သည် ယခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း နိုင်ငံတော်၏ စုစုပေါင်းပို့ကုန်ပမာဏ၏ ၁၆.၃ ရာခိုင်နှုန်းရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MoC)မှ ပြုစုထားသော အစီရင်ခံစာအရသိရသည်။ EU တွင် ကမ္ဘောဒီးယား၏ ထိပ်တန်းပို့ကုန်ငါးနိုင်ငံသည် စပိန်၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့ ဖြစ်ကြောင်း MoC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ EU သို့ ကမ္ဘောဒီးယားသို့ တင်ပို့သည့် အဓိကထုတ်ကုန်များမှာ အဝတ်အထည်၊ အထည်အလိပ်၊ ဖိနပ်၊ ခရီးသွားကုန်ပစ္စည်းများ၊ အိတ်များ၊ စက်ဘီးများ၊ ကားတာယာနှင့် လျှပ်စစ်ပစ္စည်းများ၊ ဆန်၊ ရော်ဘာ၊ သီဟိုဠ်စေ့၊ ပီလောပီနံနှင့် ငှက်ပျောသီးကဲ့သို့သော အလားအလာရှိသော စိုက်ပျိုးရေးထွက်ကုန်များ ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ်ပထမနှစ်ဝက်တွင် EU မှ စုစုပေါင်းသွင်းကုန်ဒေါ်လာ ၃၇၅.၆ သန်း စံချိန်တင်ခဲ့ပြီး ယမန်နှစ် အလားတူကာလ ကန် ဒေါ်လာ သန်း ၄၇၀ ထက် ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ EU မှ ကမ္ဘောဒီးယားသို့ အဓိကတင်သွင်းသည့် ကုန်ပစ္စည်းများမှာ စက်ယန္တရားများ၊ အိမ်သုံး ပစ္စည်းများ၊ ဆေးဝါးများ၊ မော်တော်ယာဉ်များ၊ ပုလဲနှင့် အဖိုးတန်ကျောက်မျက်များ၊ အထည် လိပ်နှင့် လျှပ်စစ်ပစ္စည်းများ စသည်တို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

DOCA(ရန်ကုန်)