Main menu

တရုတ်နှင့် အီဂျစ်တို့သည် SCO မှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းလာစေရန် မျက်စိကျနေ

Powered by Drupal

     အီဂျစ်နိုင်ငံရှိ တရုတ်သံရုံးနှင့်အီဂျစ်နိုင်ငံခြားရေးကောင်စီတို့သည် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ၏မူဘောင်အတွင်း တရုတ်-အီဂျစ်ဆက်ဆံရေး တည်ငြိမ် တိုးတက်မှုကို အလေးပေးသည့် ဆွေးနွေးပွဲတစ်ရပ်ကို ၂၀-၇-၂၀၂၅ ရက်နေ့က အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် ဆွေးနွေးပွဲကျင်းပခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ နှစ်နိုင်ငံမှအကြီးတန်း သံတမန်များ၊ နိုင်ငံခြားရေးကျွမ်းကျင်သူများနှင့် သတင်းမီဒီယာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင်အီဂျစ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Liao Liqiang က အီဂျစ်နိုင်ငံသည် SCO ၏ ဆွေးနွေးဖက်နိုင်ငံဖြစ်ပြီး SCO လုပ်ငန်းများတွင် အီဂျစ်၏ တက်ကြွစွာ ပါဝင်မှုကိုကြိုဆိုကြောင်းပြောကြားခဲ့သည်။ SCO ၏ မူဘောင်အောက်တွင် တရုတ် နှင့်အီဂျစ်တို့ နီးကပ်သောပူးပေါင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ချက်တို့ကိုမြှင့်တင်ရန် မျှော်လင့်ကြောင်း၊ အနာဂါတ်တွင် တရုတ်-အီဂျစ် စီးပွားရေးအသိုက်အဝန်းကို တည်ဆောက်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန်မျှော်လင့်ကြောင်း Liqian က ဆက်လက်ပြောကြားခဲ့သည်။ ဆွေးနွေးပွဲကို ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သော အီဂျစ်နိုင်ငံခြားရေးကောင်စီမှ ဒါရိုက်တာ Ezzat Saad က အီဂျစ်သည် နှစ်နိုင်ငံအဆင့်တွင်သာမက SCO ၏မူဘောင်အတွင်း၌ရော တရုတ်နိုင်ငံနှင့်ပူးပေါင်း ဆောင်ရွက် မှုပိုမိုအားကောင်းလာစေရန် အမြဲကတိပြုထားကြောင်း ပြောကြားခဲ့သည်။

DOCA (ရန်ကုန်)