
တရုတ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် တိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များ ၂၁-၇-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့ (NEA) ၏ ထုတ်ပြန်ချက်အရ ဇွန်လတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂၀၂၄ ခုနှစ် အလားတူကာလတူထက် ၅.၄ ရာခိုင်နှုန်း တိုးတက် လာခဲ့ပြီး Kilowatt-hours ၈၆၇ ဘီလီယံအထိရောက်ရှိခဲ့သည်။ ဇွန်လအတွင်း ပထမတန်းနှင့် ဒုတိယတန်းလုပ်ငန်းများ၏ ဓာတ်အားသုံးစွဲမှုမှာ ၂၀၂၄ ခုနှစ် ကာလတူထက် ၄.၉ ရာခိုင်နှုန်းနှင့် ၃.၂ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ပြီး Kilowatt-hours ၁၃.၃ ဘီလီယံနှင့် ၅၄၈.၈ ဘီလီယံ အထိရှိခဲ့သည်။ တတိယတန်းလုပ်ငန်းများ၏ ဓာတ်အားသုံးစွဲမှုမှာ ၂၀၂၄ ခုနှစ် ကာလတူထက် ၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး Kilowatt-hours ၁၇၅.၈ ဘီလီယံအထိ ရှိခဲ့သည်။ ၂၀၂၅ ခုနစ်၊ ဇွန်လအတွင်း နိုင်ငံအတွင်းရှိ ပြည်သူများ၏လျှပ်စစ်ဓာတ်အားသုံးစွဲမှုစုစုပေါင်းမှာ Kilowatt-hours ၁၂၉.၁ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ကာလတူထက် ၁၀.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှဇွန်လအထိ တရုတ်နိုင်ငံ၏ စုစုပေါင်းဓာတ်အားသုံးစွဲမှု သည် ၂၀၂၄ ခုနှစ် ကာလတူထက် ၃.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး Kilowatt-hours ၄.၈၄ ထရီလီယံ ကျော်ရှိခဲ့သည်။
DOCA (ရန်ကုန်)