Main menu

တရုတ်နိုင်ငံ၏ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်မှုသည် ဘရာဇီးနိုင်ငံနှင့် ကမ္ဘာကြီးအတွက် အခွင့်အလမ်းများဖန်တီးပေးဟု ဘရာဇီးကျွမ်းကျင်ပညာရှင်

Powered by Drupal

      ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး မရေမရာရှိနေစဉ် တရုတ်နိုင်ငံအနေဖြင့် အလွန်ကြီးမားသော ဈေးကွက်အဖြစ်လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှု၏ အဓိကအရင်းအမြစ် အဖြစ် လည်းကောင်း ဆက်လက်တည်ရှိနေကာ တရုတ်နိုင်ငံ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုသည်ဘရာဇီးနှင့် အခြားနိုင်ငံများအတွက် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိသည်ဟု ဘရာဇီးကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။ အမေရိကန်သည် ပထဝီနိုင်ငံရေး တင်းမာမှုများ အရှိန်မြင့်တက်လာအောင် ဆက်လက်လုပ်ဆောင်နေကာ စီးပွားရေးအရ တစ်ဖက်သတ် ဖိအား‌ပေးမှုများ လုပ်ဆောင်နေခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များအပေါ် ထိခိုက်မှုများဖြစ်စေသော်လည်း တရုတ်နိုင်ငံ၏ တည်ငြိမ် သော စီးပွားရေးဆိုင်ရာစွမ်းဆောင်မှုကကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတည်ငြိမ်ရေးအတွက် မှီခိုအားထားစရာဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခု၌ Sao Paulo ပြည်နယ်တက္ကသိုလ် နိုင်ငံရေးနှင့်စီးပွားရေး ပါမောက္ခဖြစ်သူ Marcos Pires က ပြောကြားခဲ့ သည်။ တရုတ်နိုင်ငံအနေဖြင့် ဘရာဇီးနိုင်ငံအပါအဝင် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများအတွက် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးခဲ့သည်ဟု Pires က အလေးအနက်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဘရာဇီးနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံအဖြစ် နှစ်ပေါင်းများစွာ တောက်လျှောက် ရပ်တည်လာခဲ့ပြီး တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်က ဘရာဇီးနိုင်ငံ၏ အဓိက ပို့ကုန်တင်ပို့ရာ နေရာအဖြစ် ရပ်တည်နေဆဲဖြစ်ကာ စုစုပေါင်းပို့ကုန်ပမာဏ၏ ၂၈ ရာခိုင်နှုန်း ရှိကြောင်း ဘရာဇီးနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။  

DOCA(ရန်ကုန်)