
တရုတ်နိုင်ငံမှတာဝန်ရှိသူများက စွမ်းအင်သစ်မော်တော်ယာဉ် (NEV) ဈေးကွက် ယှဉ်ပြိုင်မှုကို ထိန်းသိမ်းကြပ်မတ်ရေးအတွက် စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်နှင့် ဈေးကွက်ကြီးကြပ်ရေးစီမံအုပ်ချုပ်မှုဌာနတို့ပူးပေါင်း၍ NEV လုပ်ငန်းရှင်များနှင့် ၁၈-၇-၂၀၂၅ ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ကြသည်။ အစည်းအဝေးတွင် တရားဥပဒေနှင့်အညီ၊ တရား မျှတမှုရှိပြီး သင့်လျော်စွာစနစ်သော ယှဉ်ပြိုင်မှုကိုမြှင့်တင်ကြရန် တိုက်တွန်းခဲ့သည်။ နိုင်ငံတော် က ထုတ်ကုန်ဈေးနှုန်းများကိုစောင့်ကြည့်ခြင်း၊ ထုတ်ကုန်နှင့်ကိုက်ညီမှုရှိမရှိစစ်ဆေးခြင်းနှင့် တင်သွင်းသူများအတွက် ငွေပေးချေမှုကာလကို တိုတောင်းစေခြင်းစသည့် ဆောင်ရွက်ချက်များ ကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း အစည်းအဝေးအပြီးတွင် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ ယင်းအစည်းအဝေးတွင် တာဝန်ရှိသူများက NEV စွမ်းအင်သုံးစွဲမှု ကန့်သတ်ချက်များနှင့် ဘက်ထရီပြန်လည်အသုံးပြုခြင်း ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းစံနှုန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ပြီး ထိုဆောင်ရွက်ချက် သည် NEV ထုတ်လုပ်သူများထံမှ အကြံပြုချက်များရယူရန်နှင့် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းရန်အတွက် ပုံမှန်ဆက်သွယ်ရေးလမ်းကြောင်းများ ထူထောင်ခြင်းနှင့်လည်းကိုက်ညီမှု ရှိမည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။
DOCA(ရန်ကုန်)