
ဖိလစ်ပိုင်နိုင်ငံအစိုးရသည် ယခုနှစ်ဝက်ခန့်တွင် ဆန်အခွန်များကောက်ခံရာ၌ သက်သာသော အခွန်နှုန်းထားများကြောင့် ယခင်နှစ်ထက် ၆၀ ရာခိုင်နှုန်းခန့်ကျဆင်းသွားကြောင်း အကောက်ခွန်ဗျူရို(BOC) မှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ BOC မှ ထုတ်ပြန်သော ပဏမအချက်အလက်များအရ အေဂျင်စီသည် ဇန်နဝါရီလမှ ဇွန်အတွင်းတွင် ဆန်အခွန် ပီဆို ၉.၇ ဘီလီယံခန့် ကောက်ခံရရှိခဲ့ပြီး ယခင်နှစ်တွင်ကောက်ခံရရှိသော ပီဆို ၂၃.၂ ဘီလီယံထက် လျော့နည်းနေကြောင်း သိရပါသည်။ ဆန်တင်ပို့မှုသည် ယခုနှစ်တွင် မက်ထရစ်တန်ချိန် ၂.၄ သန်း ခန့်ရောက်ရှိခဲ့ပြီး ယခင်နှစ်တွင်တင်ပို့ခဲ့သော မက်ထရစ်တန်ချိန် ၂.၃ သန်းခန့် တင်ပို့မှု မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ ဆန်အခွန်စည်းကြပ်မှု ကျဆင်းခြင်းသည် ယခုတစ်နှစ်ပတ်လုံး ဆက်လက်အကောင်ထည်ဖော် လုပ်ဆောင်နေသည့် ဆန်တင်ပို့မှုများအပေါ် အခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံမှုကြောင့်သာ ဖြစ်ကြောင်း လုပ်ငန်းရှင်များ၏ အဆိုအရ သိရပါသည်။ ဖိလစ်ပိုင်အစိုးရသည် ငွေကြေးဖောင်းပွမှုကို ထိန်းညှိပြီး ဆန်စျေးကွက်တွင်တည်ငြိမ်စေရန်နှင့် စျေးနှုန်းများလျော့ ကျစေရန်အတွက် ဆန်အခွန်ကောက်ခံမှုကို လျော့ချခြင်းဖြစ်ကြောင်း သိရပါသည်။ ဆန်စျေးနှုန်းသည် ယခင်နှစ် ငွေကြေးဖောင်းပွမှု ကာလထက် ၁၄.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ စာရင်းအင်းအာဏာပိုင် အဖွဲ့အစည်း၏ သတင်းအချက်အလက်များအရ သိရပါသည်။ လတ်တလောကောက်ခံမှု အချက်အလက်များအရ တစ်နှစ်ပတ်လုံး ဆန်အခွန်ကောက်ခံမှုသည် ပီဆို ၁၈ ဘီလီယံမှ ပီဆို ၂၀ ဘီလီယံကြားတွင် တည်ငြိမ်နေမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့ပါသည်။ အစိုးရသည် ဆန်အခွန်ကောက်ခံမှုနှုန်းကို ၁၅ ရာခိုင်နှုန်းဖြင့်ဆက်လက်ကောက်ခံမည် ဆိုပါက ပြည်ပသို့ဆန်တင်ပို့မှုကို တိုးမြင့်ရမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက အစောပိုင်းတွင် မှတ်ချက်ပြုခဲ့ပါသည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံစိုက်ပျိုးရေးဌာနမှလည်း ဆန်စျေးကွက်မငြိမ် မသက်ဖြစ်မှုကို တည်ငြိမ်စေရန်အတွက် ဆန်အခွန်ကောက်ခံမှုနှုန်းကို ၃၅ ရာခိုင်နှုန်းသို့ မြှင့်တင် ကောက်ခံသင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရပါသည်။
Source: Philstar
DOCA(ရန်ကုန်)