
တရုတ်နိုင်ငံပိုင်ပင်လယ်ကမ်းလွန်ရေနံကော်ပိုရေးရှင်း (CNOOC) သည်ဇူလိုင်လ ၂၂ ရက် နေ့တွင် Bohai ပင်လယ်ရှိ ရေနံတွင်းတွင် ထုပ်လုပ်မှုစတင်တော့မည်ဖြစ်ပြီး ၎င်းသည် နိုင်ငံပိုင် ကမ်းလွန်စွမ်းအင်ရှာဖွေခြင်းတွင် သိသာထင်ရှားသောခြေလှမ်းတစ်ခုဖြစ်ကြောင်း သိရပါသည်။ Bahai ပင်လယ်တောင်ပိုင်းရေပြင်တွင်တည်ရှိသော Kenli 10-2 ရေနံတွင်းသည် တရုတ်နိုင်ငံ ကမ်းလွန်ဒေသများထဲတွင်တွေ့ရသည့် အကြီးမားဆုံးသော ရေနံတွင်းဖြစ်ပြီး ဘူမိဗေဒဆိုင်ရာအရ အရန်တန်ချိန်ပေါင်း ၁၀၀ သန်းခန့်ရှိကြောင်း သိရပါသည်။ ထုတ်လုပ်ရေး၏ ကနဦးအဆင့်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တန်ချိန်ပေါင်း ၃၀၀၀တန်ခန့် ထွက်သော ရေနံတွင်းပေါင်း ၇၉ တွင်းခန့် ပါဝင်ကြောင်း သိရပါသည်။ အဆိုပါရေနံတွင်းသည် ပင်လယ်ရေမျက်နှာပြင်အောက် မီတာ ၂၀ ခန့်တွင် တည်ရှိသော်လည်း ၎င်း၏ရှပ်ထွေးလေးလံသော ရေနံဖွဲ့စည်းမှုကြောင့် နည်းပညာဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ အဆိုပါ အခက်အခဲများကို ဖြေရှန်းရန်အတွက် CNOOC သည် လေးလံသောရေနံထုတ်ယူမှုအတွက် အထူးသင့်လျော်သော ခေတ်မှီဆန်းပြားသည့် ရေလှောင်ကန်ဖွံ့ဖြိုးတိုးတက်ရေးနည်းပညာကို ဖန်တီးနေကြောင်း သိရပါသည်။ CNOOC မှ ကျွမ်းကျင်သူ Cai Hui က အဆိုပါ စနစ်သည် အောက်ခြေတွင်ရှိသော ရေလှောင်ကန် တည်ဆောက်ပုံ တည်ကျစွာမြေပုံဆွဲပေးနိုင်ပြီး ရေနံထုတ်ယူခြင်းကို မြှင့်တင်နိုင်မည့် သတ်မှတ်ထားသော အပူချိန်မြင့် ရေနွေးငွေ့ထိုးသွင်းခြင်းအား ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါစီမံကိန်းသည် ၎င်းတို့၏ ယခုနှစ်အတွက် သတ်မှတ်ထားသော Bohai ပင်လယ်မှ ရေနံတန်ချိန်ပေါင်း ၄၀ သန်းခန့်ထွက်ရှိရန်ပြုလုပ်ရာတွင် အဓိက အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
Source:Xinhua
DOCA(ရန်ကုန်)