Main menu

ကမ္ဘောဒီးယားတွင် ဗီယက်နမ်ထုတ်ကုန်များက ထိုင်းထုတ်ကုန်များကို အစားထိုးလာ

Powered by Drupal

               ထိုင်းနယ်စပ်ရှိကမ္ဘောဒီးယားပြည်နယ်ဖြစ်သည့် Koh Kong ရှိလက်လီရောင်းချသူများ သည် ထိုင်းနိုင်ငံကနယ်စပ်ပိတ်ပင်မှုကြောင့် လိုအပ်လျက်ရှိသည့် ကုန်ပစ္စည်းများကို ဗီယက်နမ်ထံမှ တင်သွင်းလျက်ရှိကြောင်း သိရပါသည်။ ထိုင်းကုန်သည်တစ်ဦးဖြစ်သည့် Pornchai Limploypitat က ကမ္ဘောဒီးယားရှိ ၎င်းထံမှဝယ်ယူသူများသည် အသင့်စားအစားအစာ၊ အသင့်စားခေါက်ဆွဲနှင့် ‌ဆောက်လုပ်ရေးပစ္စည်းများပါဝင်သည့်ထိုင်းကုန်ပစ္စည်းများပြတ်လပ်မှုကြောင့် ဗီယက်နမ်ထံမှစားသုံးကုန်ပစ္စည်းများကို ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ် ကုန်ပစ္စည်းများသည် ထိုင်းကုန်ပစ္စည်းများကဲ့သို့ Koh Kong ဈေးကွက်များတွင် မကျော်ကြား ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနှင့် နယ်စပ်အငြင်းပွားမှုပြသနာဖြစ်ပွားပြီး နောက် ကုန်ပစ္စည်းများတင်ပို့မှုပိတ်ပင်ခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည် Koh Kong သို့ ကုန်ပစ္စည်းများကို Hat Lek နယ်စပ်ဂိတ်မှတစ်ဆင့်တင်ပို့ပြီး ၂၀၂၄ ခုနှစ်တွင် နှစ်ဖက် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ ဘတ် သန်း ၃၀ ရှိပြီး ထိုင်းနိုင်ငံကတင်ပို့မှုမှာ ဘတ် ၂၃ သန်းတန်ဖိုးရှိကြောင်း သိရပါသည်။ လွန်ခဲ့သည့်နှစ်ပတ်အတွင်း ဘီစကွတ်များ၊ နို့များ၊ ချောကလက်များနှင့် ခေါက်ဆွဲ အစရှိသည့် ဗီယက်နမ်အမှတ်တံဆိပ်များ Koh Kong ဈေးကွက်များတွင် နေရာယူလာကြောင်း သိရှိရပါသည်။

Bangkok Post

DOCA (ရန်ကုန်)