
အင်ဒိုနီးရှားလက်လီစတိုးဆိုင်ပေါင်း ၂၀၀၀ ကျော်သည် ဖိလစ်ပိုင်တွင်လုပ်ငန်းလည်ပတ် လျှက်ရှိပြီး ဘင်္ဂလားဒေ့ရှ်နှင့် မလေးရှားတွင် ဆက်လက်တိုးချဲ့ရန်စီစဉ်လျှက်ရှိကြောင်း ကုန်သွယ်ရေးဝန်ကြီး Budi Santoso ၏အဆိုအရ သိရပါသည်။ Santoso က အင်ဒိုနီးရှား လက်လီကုန်သည်များအသင်းကဖွင့်လှစ်ထားသည့် စတိုးဆိုင်ပေါင်း ၂၄၀၀ သည် အင်ဒိုနီးရှား ထုတ်ကုန်များပြည်ပသို့ကုန်သွယ်မှုမြှင့်တင်ရန်နှင့် တင်ပို့မှုအရှိန်မြှင့်တင်ရန် ကူညီပေးခဲ့ကြောင်း နှင့် မလေးရှား၊ ဘင်္ဂလားဒေ့ရှ်နှင့် အခြားနိုင်ငံများသို့တိုးချဲ့ရန် မျှော်လင့်ကြောင်း ဂျကာတာမြို့ တွင် ဇူလိုင်လ ၁၇ ရက်နေ့ကကျင်းပခဲ့သည့် 2025 National Retail Day တွင် ပြောကြားခဲ့ပါ သည်။ ကုန်ပစ္စည်းများအပြင် အင်ဒိုနီးရှားသည် ဝန်ဆောင်မှုကဏ္ဍတင်ပို့မှုမြှင့်တင်ရန် ရည်ရွယ် ထားကြောင်း သိရပါသည်။ အင်ဒိုနီးရှားလက်လီကုန်သည်များအသင်းဥက္ကဌဖြစ်သူ Solihin က ဖိလစ်ပိုင်တွင်ဖွင့်လှစ်ထားသည့်စတိုးဆိုင်များသည် အင်ဒိုနီးရှားတွင်ဖွင့်လှစ်ထားသည့် ၎င်းတို့၏ ဆိုင်များကဲ့သို့တူညီသည့်စံနှုန်းနှင့်ဝန်ဆောင်မှုများပေးကြောင်း ပြောကြားခဲ့ပါသည်။ ထိုစတိုး ဆိုင် ၂၄၀၀ ထဲမှအချို့မှာ ဆယ်စုနှစ်ချီလည်ပတ်ခဲ့ပြီးဖြစ်ပြီး ဆက်လက်တိုးချဲ့လျှက်ရှိကာ အင်ဒိုနီးရှားထံမှ၎င်းတို့၏ထုတ်ကုန်များကို ပမာဏများပြားစွာ တင်သွင်းလျှက်ရှိကြောင်း သိရပါ သည်။ Solihin က အသင်းအနေဖြင့်ဘင်္ဂလားဒေ့ရှ်သို့တိုးချဲ့ရန်အဆင်သင့်ဖြစ်နေကြောင်းနှင့် မကြာမီစတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Antara News
DOCA (ရန်ကုန်)