
ထိုင်းနိုင်ငံအင်အားကြီးလက်လီလုပ်ငန်းဖြစ်သည့် Central Retail ၏အဖွဲ့ဝင်ဖြစ်သည့် Central Retail Vietnam သည် ဗီယက်နမ်နိုင်ငံ Hung Yen မြို့တော်တွင် ၎င်းတို့၏ ၄၃ ခုမြောက် ဈေးဝယ်စင်တာဖြစ်သည့် GO! Hung Yen ကို တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၆.၄ သန်းတန်ဖိုးရှိပြီး ၁၆၀၀၀ စတုရန်းမီတာကျယ်ဝန်းသည့် Go! Hung Yen ကိုဘက်ပေါင်းစုံစီးပွားရေးစင်တာအဖြစ် ဒီဇိုင်း ဖန်တီးထားပြီး ပြည်တွင်းစားသုံးသူများ၏ ကွဲပြားသောလိုအပ်ချက်များကို ဖြည့်စည်းပေးရန် ရည်ရွယ်ကြောင်း သိရပါသည်။ ၎င်းတွင် Jollibee၊ King Coffee၊ Fahasa bookstore နှင့် Game World တို့ပါဝင်သည့် များစွာသောကဏ္ဍများရှိ လူသိများသော နိုင်ငံတကာအမှတ် တံဆိပ်များနှင့် ပြည်တွင်းအမှတ်တံဆိပ်များ ၅၀ ခု ပါဝင်ကြောင်း သိရပါသည်။ ဖွင့်ပွဲအခမ်း အနားတွင် ပြည်နယ်ပါတီကော်မတီ၏ အတွင်းရေးမှူး Nguyen Huu Nghia က GO! Hung Yen သည် ဈေးဝယ်ရန်နေရာတစ်ခုသာမက ကုန်စည်နှင့် ဝန်ဆောင်မှုများကို ကျယ်ပြန့်စွာပံ့ပိုးပေးနိုင် သည့်အချက်အချာဖြစ်ပြီး ထိုမှတစ်ဆင့် လူမှုဘဝအရည်အသွေးကို တိုးမြှင့်ပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ GO! Hung Yen ၏ ထင်ရှားသောအသားပေးစရာအချက်မှာ ဗီယက်နမ် နိုင်ငံတစ်ဝှမ်းမှထုတ်ကုန်များကိုမိတ်ဆက်မည့် ဒေသတစ်ခုထုတ်ကုန်တစ်ခုမြှင့်တင်မည့် နေရာ ကို ဒုတိယထပ်တွင် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)