
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် ရွှေဒင်္ဂါး ပေါင်မုန့်လုပ်ငန်းမှ ထုတ်လုပ်သောပေါင်မုန့်များ ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံရမှုရှိစေရေးအတွက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ရွှေဒင်္ဂါး မုန့်လုပ်ငန်းမှ ပေါင်မုန့်ထုတ်လုပ်ရာတွင် ပါဝင်ပစ္စည်းဖြစ်သည့် ဂျုံ၊ သကြား၊ ဆား၊ဆီ တို့နှင့် ထုတ်လုပ်ပြီး တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ပေါင်မုန့်အလုံးရေ (၁၀၀) ခန့် ထုတ်လုပ်လျက်ရှိပြီး ဈေးကွက်အတွင်း ရောင်းဝယ်မှုပေါ်လိုက်၍ နေ့စဉ်ထုတ်လုပ်လျက်ရှိပါသည်။ ဈေးနှုန်း ဈေးကွက်အနေဖြင့် ပေါင်မုန့်အကြမ်းတစ်လုံးလျှင် (၂၄၀၀) ကျပ် ဖြင့် မြို့တွင်း၌သာ ရောင်းချပါသည်။ လုပ်သားဦးရေ (၃) ဦးခန့်ရှိပြီး လုပ်သားတစ်ဦးလျှင် နေ့စားခ (၆၀၀၀) ကျပ် ပေးရပြီး တစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက်ရှိပါသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းက ထုတ်လုပ်သော ကုန်စည်နှင့်ပက်သက်၍ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သော ထုတ်ကုန်များ ဖြစ်စေရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း (၁၈) ၊ ပုဒ်မ ၄၁ ၊ ၄၃ အရ ကုန်အညွှန်းအမှတ်အသား ကိစ္စရပ်များနှင့် ပက်သက်ပြီး သိရှိလိုက်နာစေရန် အသိပညာပေး ဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)