
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ယခုဇူလိုင်လ၌ အိမ်ဆောက်ပစ္စည်းများ အရောင်း အဝယ်ကောင်းလျက်ရှိပါသည်။ အိမ်ဆောက်ပစ္စည်းများထဲမှ ဘိလပ်မြေသည်မရှိမဖြစ်သော အရာ ဖြစ်သည်။ ဘိလပ်မြေများကို ပြည်တွင်းဘိလပ်မြေစက်ရုံများမှ ဝယ်ယူသုံးစွဲကြသည့်အပြင် ပြည်ပ ဘိလပ်မြေများကိုလည်း ဝယ်ယူသုံးစွဲကြောင်းသိရှိရပါသည်။ ယခုမြိတ်မြို့ပေါ်တွင် ဘိလပ်မြေ ဈေးနှုန်းများ အရောင်းနည်းနေကြောင်း သိရှိရပါသည်။
မြိတ်ခရိုင် မြိတ်မြို့နယ်တွင် ရောင်းချနေသောဘိလပ်မြေများဖြစ်သည့် ဆင်နီ တစ်အိတ်လျှင် (၃၂၀၀)ကျပ်၊ ကြံ့တစ်အိတ်လျှင် (၂၉၀၀၀)ကျပ်၊ Apacheတစ်အိတ်လျှင် (၂၉၀၀၀)ကျပ်ရှိကြောင်း သိရပါသည်။
DOCA(တနင်္သာရီ)