Main menu

စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

Powered by Drupal

            စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဇူလိုင် ၁၆ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁) တွင် ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များ တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး၊ ဒုတိုင်းဦးစီးမှူး တက်ရောက်ခဲ့ပါသည်။

              အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေး အတွက် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များ၊ ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်ဆီကုန်သည်များနှင့် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့် နှစ်အလိုက်ရည်မှန်းချက်များအပေါ်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ ပို့ကုန်နှစ်ဆတိုးတက် တင်ပို့နိုင်ရေးနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော အသင်းအဖွဲ့အများနှင့် လုပ်ငန်းရှင်များက လုပ်ငန်းလည်ပတ်နေမှုနှင့် အထွေထွေဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊

(DOCA ဧရာဝတီ)