Main menu

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော နေကြာစေ့ ဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေ‌သော နေကြာစေ့ ဈေးနှုန်းအနေဖြင့် နေကြာစေ့ လက်က္ကားတစ်ပြည်လျှင်(၇၅၀၀)ကျပ်၊ နေကြာစေ့ လက်လီတစ်ပြည်လျှင်(၇၈၀၀)ကျပ်၊ နေကြာစေ့ နို့ဆီဘူး(၅)ဘူးလျှင်(၄၂၀၀)ကျပ်နှင့် နေကြာစေ့နို့ဆီဘူး(၁)ဘူးလျှင်(၉၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ရှိကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)