
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့မဈေးသို့ မြို့ပတ်ဝန်းကျင်ရှိ ကျွန်းကလေး၊ ထုံးကြီး၊ သစ်မယ်ဇီ၊ တောင်တီး၊ ရေနံသာ စသည့်ကျေးရွာများမှ ထွက်ရှိသည့် သကြားပြောင်းနှင့် ပြောင်းစီး(အဖြူ)များသည် ၂၀၂၅ခုနှစ်၊ ဇွန်လ(တတိယပတ်)မှ စတင်ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် သကြားပြောင်း(အကြီး၊ အသေးအလိုက်) (၁)ဖူး လျှင် ကျပ်(၃၅၀-၄၀၀)၊ ပြောင်းစီး(၁)ဖူးလျှင် ကျပ်(၄၅၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပြောင်း ဖူးများ စတင်ပေါ်စအချိန် ဇွန်လ(တတိယပတ်)တွင် သကြားပြောင်း(၁)ဖူးလျှင် ကျပ်(၅၀၀)၊ ပြောင်း စီး (၁)ဖူးလျှင် ကျပ်(၆၅၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် သကြားပြောင်း(၁)ဖူးလျှင် ကျပ်(၅၀)၊ ပြောင်းစီး(၁)ဖူးလျှင် ကျပ်(၁၅၀)ဈေးကျဆင်းလာကြောင်း သိရသည်။ ယခုအချိန် တွင် ကျေးရွာများရှိ ပြောင်းဖူးစိုက်ခင်းများ လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်၍ ဈေးနှုန်းမှာ ကျဆင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။
DOCA(မကွေး)