Main menu

စေတုတ္တရာမြို့၏ ရာသီစာမျှစ်ဈေးနှုန်းဈေးကွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့ ပတ်ဝန်းကျင်ရှိ မြေနီကုန်း၊ ညောင်အိုင်၊ ကျောက်ဖူး၊ မြောင်းဦး စသည့် ရွာများတွင် ထွက်ရှိသောရာသီပေါ်မျှစ်များ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ မှစ၍   စေတုတ္တရာမြို့၊ မြို့မဈေးသို့ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် မျှစ်(၁)ပိဿာလျှင် ကျပ်(၃၀၀၀)ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်မျှစ်ပေါ်စအချိန် ဇူလိုင်လ(ပထမပတ်)တွင် မျှစ်(၁)ပိဿာလျှင် ကျပ် (၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀၀) ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်း၌ မျှစ်များလှိုင်လှိုင်ထွက်ပေါ်နေချိန်ဖြစ်၍ မျှစ်ဈေးနှုန်းမှာ တရိပ်ရိပ်ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရပါသည်။ မျှစ်ပေါ်ထွက်ချိန်ဖြစ်သော ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် မျှစ်များချိုး၍ ပြုတ်ခြင်း၊ မျှစ်ခြောက်ပြုလုပ်ရန် နေလှန်းခြင်း၊ မိုးရာသီ၌သာ မျှစ်များရရှိသောကြောင့် ကျန်ကာလ များတွင်စားသုံးနိုင်ရန် မျှစ်များကို မျှစ်ချဉ်ပြုလုပ်ခြင်း၊ အခြောက်လှန်း၍ ပြုလုပ်ခြင်းများ ဆောင်ရွက်ကြပါသည်။ မျှစ်ခြောက်အနေဖြင့် မင်းဘူးမြို့၊ မန္တလေးသို့တင်ပို့ရောင်းချခြင်းနှင့် ရွှေစက်တော်ဘုရားပွဲတော်ချိန်တွင် တစ်နိုင်ငံလုံးမှ ဘုရားဖူးများ လာရောက်ကြရာ စေတုတ္တရာမှ ထွက်ရှိသည့် မျှစ်ခြောက်မှာ ဘုရားဖူးပြန်လက်ဆောင်အဖြစ် ဝယ်ယူမှုရှိသည့်အတွက် ဒေသခံ ပြည်သူများအဖို့ တဖက်တလမ်းမှ ဝင်ငွေရစေကြောင်း သိရပါသည်။

DOCA(မကွေး)