
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊မုံညှင်းထုပ်၊ ပြောင်းဖူး၊ ခါကြက်ဥများ ရောင်းချလျက်ရှိရာ ယခုအခါ ပန်းရုတ်ပွသီးများကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။ ပန်းငရုတ်ပွသီးများကို မန္တလေးမြို့မှမှာ ယူရောင်းချလျက်ရှိကြောင်း သိရသည်။၂၀၂၅ခုနှစ်၊ ဇူလိုင်လ တတိယပတ်၌ ကန့်ဘလူမြို့မဈေးတွင် ပန်းငရုတ်ပွသီး(၁)လုံးလျှင် (၅၀၀)ကျပ်၊ ပန်းငရုတ်ပွသီး(၂)လုံးလျှင်(၈၀၀)ကျပ်၊ ပန်းငရုတ်ပွသီး(၄)လုံးလျှင် (၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)