
ကျောက်ဖရုံသီးသည် အာဟာရဓါတ်ပြည့်ဝပြီး ဗီတာမင်Bနှင့်Cအပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓါတ်နှင့် အမျှင်ဓါတ်တို့လို ခန္ဓာကိုယ်တွေကြွယ်ဝပါတယ်။ ကျောက်ဖရုံသီး သည် အစာအိမ်အနာသက်သာစေခြင်း၊ အူတွင်းပိုးမွားများရှင်းစေခြင်း၊ ကိုယ်အလေးချိန်လျော့ ချရာတွင် အထောက်အကူပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာပြဿနာများကို သက်သာပြေလျောစေခြင်း စသည့်ရောဂါများကို ကုသနိုင်စွမ်းရှိကြောင်း သိရပါသည်။
၂၀၂၅ခုနစ်၊ ဇူလိုင်လတတိယပတ်အတွင်း မုံရွာမြို့ပေါ် တွင်ရောင်းချလျက်ရှိသော ကျောက်ဖရုံသီး စျေးနှုန်းမှာ (၁)လုံးလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့်လည်ကောင်း၊ အလုံးလှလျှင် (၁)လုံးကို (၈၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကျောက်ဖရုံသီးစိုက်ပျိုး၊ ရောင်းချသူများထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)