Main menu

စားအုန်းဆီရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇူလိုင်လ (၁၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးရှီ စားအုန်းဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊အလေးချိန် မှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ခြင်းများ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များအကြောင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)