
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် လားရှိုးမြို့၊ ရပ်ကွက်(၇)၊ ရန်ကင်းလမ်းရှိ “ရွှေတံတား”အမည်ဖြင့် ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အထည် အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ ရောင်းရောင်းချသည့်လုပ်ငန်းမှ အွန်လိုင်းရောင်းချ ခွင့်လိုင်စင် လျှောက်ထားလာမှုအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင့်သိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်လျှောက်ထားသည့် အချက်အလက်များနှင့်မြေပြင်အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ DOCA Application အား အသုံးပြု၍စစ်ဆေးခြင်းနှင့် အွန်လိုင်းမှရောင်းချရာတွင် လိုက်နာဆောင်ရွက်ရမည့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်တာဝန်နှင့် ဝတ္တရားများအား အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
