Main menu

ပဲ၊ နှမ်းကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့ရှိ ပဲပွဲစားများကထိန်တော်အသင်း ပဲ၊ နှမ်းကုန်စည်ဒိုင်၏ သီးနှံအမျိုးအစားအလိုက် အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနေများအား ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများဖြင့် ဆက်သွယ်မေးမြန်း၍  အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

             ပဲ၊ နှမ်းကုန်စည်ဒိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဇူလိုင်လ ဒုတိယပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၁၂၃၀၀၀)ကျပ် ပေါက်ဈေးဖြင့်  (၉၉၀၀)တင်း ၊တန်အားဖြင့် (၃၂၃)တန် ၊နှမ်းနက် တစ်တင်းလျှင် (၂၆၆၅၀၀)ကျပ် ပေါက်ဈေးဖြင့် (၃၆၀၀)တင်း တန်အားဖြင့် (၈၈)တန် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း ယခင်ပတ်နှင့် နှိုင်းယှဉ်ပါက ပဲ၊နှမ်းဈေးနှုန်းများမှာအနည်းငယ်မြင့်တက်လျက်ရှိကြောင်း  ပဲပွဲစားများ ကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)