Main menu

ကန့်ဘလူမြို့နယ်၌ R2E2 သရက်သီးများ ဈေးကောင်းရလျက်ရှိ

Powered by Drupal

 စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ် ကိုင်သော ဒေသတစ်ခုဖြစ်ရာ ဥယျာဉ်ခြံသီးနှံများကိုလည်း စိုက်ပျိုးကြသည်။ ယခုအခါ ကန့်ဘလူ ခရိုင်၊ ကန့်ဘလူမြို့နယ်ရှိ ဧက(၁၀၀၀)စိုက်ပျိုးရေးခြံတွင် စိန်တစ်လုံးသရက်၊ ဆင်စွယ်နီသရက်၊ ခရမ်းပြာသရက်နှင့် R2E2သရက်တို့ကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

 ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချ နေသော သရက်သီးဈေးနှုန်းများမှာ R2E2 သရက်သီးမှည့် အကြီးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် အလုံးသေး()လုံးလျှင် (၁၀၀၀)ကျပ်နှင့် အသေး(၁၁)လုံးလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ R2E2သရက်သည် အခွံပါးခြင်း၊ အစေ့သေးခြင်း၊ အချိုဓာတ်နည်းသည့်အတွက် ဆီးချိုဝေဒ နာရှင်များအတွက် သင့်တော်ခြင်း စသည့်အချက်များကြောင့် အရောင်းသွက်လျက်ရှိပြီး ဈေးကောင်းရလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)