
ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊ ဒညှင်းသီးနှင့် ဖရဲသီးများကို မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ပန်းသစ်တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး အကြီး(၁)လုံးလျှင်(၃၅၀၀)ကျပ်၊ အလတ်(၁)လုံး လျှင်(၃၀၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ပန်းသီးဈေးနှုန်းများအနေဖြင့် ပန်းသီး အကြီး(၁)လုံးလျှင်(၅၀၀၀)ကျပ်၊ ပန်းသီး အလတ်(၁)လုံးလျှင် (၄၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင်(၃၅၀၀)ကျပ် နှင့် ငွေကျပ်(၁၀၀၀၀)ဖိုး(၃)လုံး ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)