Main menu

မုံရွာမြို့မန်ကျည်းပင်ဈေးနှင့် သာစည်ဈေးရှိ သင်္ဘောသီးဈေးနှုန်း

Powered by Drupal

 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ရာသီပေါ်ခြံထွက်သီးနှံများနှင့် စားသောက်ကုန်များ အများအပြား စိုက်ပျိုးရောင်းဝယ်လျက်ရှိသည်။ ယခုအခါ မိုးရာသီတွင် အများအပြားထွက်ရှိသော သင်္ဘောသီးများလည်း အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း သိရပါသည်။  သင်္ဘောသီးအစိမ်းမှာ သွေးကျဲစေသော ဓာတ်တစ်မျိုးပါရှိပြီး အမှည့်မှာ မျက်စိ အမြင်အာရုံအား ကောင်းစေပါသည်။ သင်္ဘောသီသည် သင်္ဘောသီးဖျော်ရည်၊ သင်္ဘောသီးသုပ် နှင့် အိမ်ရှင်မများ အကြိုက်ဟင်းလျာများတွင် အများအပြားထည့်သွင်းအသုံးပြုကြသော အဖိုးတန်သစ်သီး တစ်မျိုးဖြစ်ပါသည်။ စိုက်ပျိုးရရှိသော သင်္ဘောသီးများကို မုံရွာမြို့ပေါ်ရှိ မန်ကျည်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် လာရောက်ရောင်းချကြပြီး    ဇူလိုင်လ ဒုတိယပတ် တွင် သင်္ဘောသီး အစိမ်းတစ်လုံး (၁၀၀၀) ကျပ်နှင့် အမှည့်တစ်လုံးလျှင် (၄၂၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊   ဇူလိုင်လ တတိယပတ်တွင် သင်္ဘောသီး အစိမ်းတစ်လုံး (၈၀၀) ကျပ်နှင့် အမှည့်တစ်လုံးလျှင် (၄၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းသွား ကြောင်း သိရှိရပါသည်။

Doca(စစ်ကိုင်း)