Main menu

Thursday Talk ကျင်းပဆောင်ရွက်

Powered by Drupal

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်နေ့၊ ညနေ(၁၅:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား "စားသုံးသူ ကာကွယ်ရေးဥပဒေ" နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် လိုက်နာဆောင် ရွက်နိုင်ရန် Thursday Talk အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ 

    အဆိုပါဆွေးနွေးပွဲတွင် ဒေါ်အေးအေးမော်(ဌာနခွဲစာရေး)က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁)ဖြစ်သည့် အမည်၊ စတင်အာဏာတည်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်နှင့်စပ်လျဉ်း၍ ရှင်း လင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများမှ အားသာချက်၊ အားနည်းချက်များ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးပွဲတွင် ဝန်ထမ်း(၈)ဦး တက် ရောက်ခဲ့ပါကြောင်းနှင့် ဆွေးနွေးပွဲအား ညနေ(၁၆:၀၀)အချိန်တွင် ပြီးဆုံးကြောင်း သတင်းရ ရှိပါသည်။

DOCA(ကယား)