Main menu

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေများ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ကျဆင်းလာ

Powered by Drupal

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမ ၁၁ လကာလအတွင်းတွင် ဒေါ်လာ ၈၈၄ သန်းခန့်ကျဆင်းရာမှ ဒေါ်လာ ၂၀ ဘီလီယံ နီးပါး အထိကျဆင်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်ဘဏ်(BB)၏ ထုတ်ပြန်သော အချက်အလက်များအရ သိရပါသည်။ ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်သော ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်၏ ထုတ်ပြန်ချက် များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တင်သွင်းကုန်ငွေပေးချေမှုသည် ဇူလိုင်လနှင့် မေလအတွင်း ဒေါ်လာ ၆၀.၂၅ ဘီလီယံခန့် ယခင်နှစ်ထက် ၄.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၎င်း၏တင်ပို့ကုန်ဝင်ငွေ သည် ဒေါ်လာ ၄၀.၈၇ဘီလီယံခန့် ယခင်နှစ်ထက် ၉.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အချက်အလက်များအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ၎င်းနိုင်ငံ၏ ကုန်သွယ်မှုလိုငွေသည်၂၀.၂၂ ဘီလီယံခန့်ပြီး ယခုနှစ်အတွင်း တင်ပို့ကုန်ဝင်ငွေ နှင့် တင်သွင်းကုန်ငွေပေးချေမှုကြား ကွာဟမှု သည် ယခင်ဘဏ္ဍာနှစ် နှင့်တူညီနေကြောင်း သိရပါသည်။

Xinhua                                                                                             

DOCA(ရန်ကုန်)