မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်တွင် ကိုင်းဗမာခရမ်းချဉ် သီးများဝင်ရောက်မှု နည်းပါးပြီး ရှမ်းပြည်နယ်၊ အောင်ပန်းဒေသထွက် ခရမ်းချဉ်သီးများသာ ဈေးကွက်အတွင်း ဝင်ရောက်မှု များကြောင်း သိရသည်။ ခရမ်းချဉ်သီးမှာ ရှမ်းသီးနှင့် ကိုင်းသီးဟူ၍ (၂)မျိုးရှိပြီး ဒေသမရွေး လွယ်ကူစွာ စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးလည်းဖြစ်ပါသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် မကွေးမြို့ပေါ်ရှိ ဈေးများတွင်အရောင်းအဝယ်ဖြစ်နေ သော ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၃၀၀၀-၃၂၀၀)ဖြစ်ပြီး ဇွန်လ(တတိယပတ်)တွင် တစ်ပိဿာလျှင် ကျပ်(၄၀၀၀-၄၅၀၀)ဖြစ်၍ ဇွန်လနှင့် ဇူလိုင်လတို့ နှိုင်းယှဉ်ပါက ကျပ်(၁၀၀၀-၁၃၀၀) ခန့်အထိ ဈေးနှုန်းသိသိသာသာ လျော့နည်းလာကြောင်း၊ ယခုအချိန်တွင် ဒေသတွင်းခရမ်းချဉ်သီးများ စတင်ထွက်ပေါ်လာသောကြောင့် ဈေးနှုန်းကျဆင်းလာရခြင်းဖြစ်ကြောင်း သိရပါသည်။
DOCA(မကွေး)