Main menu

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်နေသော ရာသီစာ ရုံးပတီးသီးဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ် ငန်းများအပြင် အခြားသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရှိရသည်။

          ယခုအခါ စားသောက်ဆိုင်များ၊ အကင်ဆိုင်များတွင် ရုံးပတီသီးသည် လူအများကြိုက်နှစ် သက်သည့် အစားအစာဖြစ်ပြီး ရုံးပတီသီးကို အတို့အမြှပ်၊ အကင်၊ အကြော်အချက် စသည်ဖြင့် အမျိုးမျိုးချက်ပြုတ်စားသုံးရသည့်အတွက် အရောင်းသွက်နေကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ရုံးပတီသီး (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ ရုံးပတီသီး(၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် ရုံးပတီသီး()ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ကုန်စိမ်း ရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)