
မအူပင်ဈေးကွက်အတွင်း ရန်ကုန်မှ ဝင်ရောက်နေသော ပြောင်းပူးများရောင်းချနေကြောင်း သိရသည်။ ရောင်းချနေသော ပြောင်းဖူးများသည် အညာဒေသထွက် ပြောင်းဖူးများဟုသိရသည်။ ပြောင်းဇူးတစ်အိတ်လျှင် အဖူး၁၀၀ ပါရှိပြီး ရန်ကုန်မှ ညစဉ် ကုန်စိမ်းကားများ ဝင်ရောက်ကြောင်း သိရသည်။
ပြောင်းဖူး ဈေးနှုန်းအနေဖြင့် ၁ဖူးလျှင် ၈၀၀ကျပ် လက်လီဈေးဖြင့် မအူပင်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပြောင်းဖူး ၁၀၀ပါ ၁အိတ်လျှင် ငွေကျပ် ၅၀၀၀၀-၆၀၀၀၀ကျပ်ဖြင့် မှာယူရောင်းချရကြောင်းသိရသည်။ အကျိုးအမြတ်အနေဖြင့် ၂၀၀၀၀-၃၀၀၀၀ကျပ် ကျန်ရှိကြောင်း ပြောင်းဖူး ရောင်းချသူမှ ပြောပြသည်။ တစ်နေ့လျှင် ပြောင်းဖူး ၁အိတ်ရောင်းချရကြောင်း၊ ၁လလျှင် အိတ် ၃၀-၅၀ ထိ ရောင်းချရကြောင်း သိရ သည်။
DOCA(ဧရာဝတီ)