
မအူပင်မြို့သို့ ဘိတ်၊ကော့သောင်း ကွမ်းသီးများ ဝင်ရောက်လျှက်ရှိပြီး တစ်ပါတ်လျှင် ၆ဘီးကား (၃)စီး၊ ၁၂ဘီကား (၃)စီး မအူပင်မြို့သို့ ဝင်ရောက်နေကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လအတွင်း၌ မအူပင်ဈေးကွက်တွင်ရောင်းချသော ကွမ်းသီး ဈေးနှုန်းများမှာ ကွမ်းသီးအကြီးအလုံးလှ ၁လုံးလျှင် ၂၅၀-၃၀၀ကျပ်၊ အလတ် ၂၀၀ကျပ်၊ အသေး ၁၅၀ကျပ်ဖြင့် လုံးကောက်ရောင်းချနေကြောင်းတွေ့ရှိရသည်။ ကွမ်းသီးတစ်အိတ်လျှင် အလုံး၁၀၀၀ပါဝင်ပြီး ၁အိတ်ဈေး ငွေကျပ် ၁၂၀၀၀၀-၁၇၀၀၀၀-၂၂၀၀၀၀ကျပ်ဖြင့် မှာယူရောင်းချရပြီး တစ်ပါတ်လျှင် ကွမ်းသီးအိတ် ၅၀အိတ် ၁၀၀ ထိရောင်းချရကြောင်း မအူပင်ဈေးကွက်အတွင်းရောင်းချသူထံမှ သိရသည်။ အကျိုးအမြတ်အနေဖြင့် ကွမ်းသီးတစ်အိတ်လျှင် ၃၀၀၀၀-၅၀၀၀၀-၇၀၀၀၀ကျပ်ထိ အကျိုးအမြတ်ကျန်ရှိကြောင်း ကွမ်းသီးရောင်းချသူထံမှ သိရသည်။ တစ်ချို ကွမ်းနှင့် ဆေးရွက်အမျိုးမျိုး ရောင်းချသည့် ဆိုင်များမှ လည်း တစ်လ အတွင်း ကွမ်းသီး အိတ် ၅၀၀-၈၀၀ အထိ ရောင်းချရကြောင်းသိရသည်။ တစ်ချို့ ကွမ်းသီးများကို အခွံချွတ်၍ ရောင်းချကြပြီး ဈေးပိုရကြောင်း ကွမ်းသီးအခွံချွတ် အလုံးသန့် တစ်ပိဿာလျှင် ၄၀၀၀-၄၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယူခုလို မိုးရာသီကာလတွင် ကွမ်းသီးများ မအူပင်သို့ အဝင်များလျက်ရှိပြီး ဈေးကောင်းလျက်ရှိကြောင်း သိရသည်။ DOCA(ဧရာဝတီ)