Main menu

မကွေးမြို့နယ်ဝန်းကျင်ရှိကျေးရွာအချို့၌ တိုင်ထောင်ပဲစိုက်ပျိုး၍ တောင်သူများဝင်ငွေအဆင်ပြေလျက်ရှိ

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ဝန်းကျင်ရှိ ဆားတိုင်ကန်ကျေးရွာ၊ ပုတီးကုန်းကျေးရွာနှင့် ကမ်းရင်ကျေးရွာများမှ တောင်သူများသည် ဟင်းသီးဟင်းရွက်သီးနှံစားပင် မျိုးစုံကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ ယခုနှစ်တွင် စားသုံးသူများပြား၍ ဈေးကွက်အခိုင်အမာရှိသော စားဖိုဆောင်သုံးကာလတိုသီးနှံဖြစ်သည့် တိုင်ထောင်ပဲမှာဈေးကောင်း ရ၍ တောင်သူများပိုမိုတိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

   တိုင်ထောင်ပဲသည် မြေအမျိုးမျိုးတွင်စိုက်ပျိုး၍ရကြောင်း၊ တိုတောင်းသောရာသီ၌ အချိန်တို အတွင်း စိုက်ပျိုးလိုပါက သဲဆန်မြေတွင် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် မြေကိုဘောင်ဖော်၍ အတန်းလိုက်စိုက်ပျိုးကြပြီး တစ်ပင်နှင့်တစ်ပင်()ပေခွဲအကွာ၊ တစ်တန်းနှင့်တစ်တန်း()ပေခန့် အကွာ စိုက်ပျိုးရကြောင်း၊ သို့မှသာလေဝင်လေထွက်ကောင်း၍ နေရောင်ခြည်ကောင်းစွာရရှိကာ အပင်ဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးပြီးအပင်များ နွယ်တက်လာသောအခါ အပင်ခြေရင်းတွင် ဝါးများဖြင့် တိုင်ထောင်ပေးရကြောင်း၊ အပင်သက်တမ်း()လခန့်အကြာတွင် စတင်ခူးဆွတ်နိုင်ပြီး ()ဧကလျှင် ပိဿာချိန်(၅၀)ခန့်ထွက်ရှိကြောင်း၊နောက်ပိုင်းပဲသီးအထွက်နှုန်းကောင်းချိန်တွင် တစ်ခါခူးဆွတ်လျှင် ပိဿချိန်(၁၅၀)မှ (၂၀၀)ခန့်အထိထွက်ရှိကြောင်း၊ တိုင်ထောင်ပဲသီးနှံကို နေ့စဉ် ခူးဆွတ်ရောင်းချ ကြပြီး နှစ်လကြာအထိခူးဆွတ်ရောင်းချရကြောင်း၊ နေ့စဉ်ခူးဆွတ်ခြင်းမပြုပါက အခွံကြောများရင့်မာ သွားပြီး အသီးများပွကာ ရောင်းချရာတွင် ဝယ်ယူသူများကြိုက်နှစ်သက်မှုနည်းသဖြင့် ဈေးကောင်း မရကြောင်း စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။ မကွေးမြို့နယ်ဝန်းကျင်ရှိ ကျေးရွာများမှ ထွက်ရှိသော တိုင်ထောင်ပဲသီးနှံကို မကွေးမြို့ပေါ်ရှိဈေးများဖြစ်သော မြို့မဈေး၊ ကန်သာဈေး၊ ရန်ပယ်ဈေး၊ ရန်ကင်းဈေးနှင့် အခွန်လွတ်ဈေးများသို့ တင်ပို့ရောင်းချကြပြီး ပေါ်ဦးပေါ်ဖျားအချိန် ဇွန်လနှောင်းပိုင်းတွင်မူ တိုင်ထောင်ပဲတစ်ပိဿာလျှင် (၃၅၀၀) ကျပ်ခန့်အထိ ဈေးကောင်းရရှိကာ နောက်ပိုင်းပဲသီးလှိုင်လှိုင်ပေါ်ချိန်တွင် တစ်ပိဿာလျှင် (၂၀၀၀)မှ(၂၅၀၀)ကျပ် ခန့် ရရှိကြောင်း သိရှိရသည်။ တိုင်ထောင်ပဲစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးတောင်သူများအဖို့ ပုံမှန်ဝင်ငွေ ရရှိကာ စားသုံးသူ ဈေးကွက်၌လည်း အရောင်းသွက်လျက်ရှိသောကြောင့် မကွေးမြို့နယ်ဝန်းကျင် ကျေးရွာများရှိ တိုင်ထောင်ပဲစိုက်ပျိုးသူ တောင်သူများအနေဖြင့် ဝင်ငွေအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)