Main menu

ဇူလိုင်လ ဒုတိယပတ်တွင် ရောင်းချနေသော ကြက်ဥ၊ ဘဲဥနှင့် ငုံးဥ ဈေးနှုန်း

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်း မုံရွာမြို့ရှိ နန္ဒဝန်  ဝန်ထမ်းအိမ်ရာ ဈေးသစ်တွင် ရာသီစာ ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများနှင့် ဒေသထွက်ကုန်များ ရောင်းချလျက်ရှိပါသည်။  ဒေသထွက် ကြက်ဥများ၊ ငုံးဥများ ဘဲဥဈေးနှုန်းများအနေဖြင့် ဗမာကြက်ဥ ( ၁ )လုံးလျှင် ( ၈၀၀)ကျပ်မှ ( ၁၀၀၀) ကျပ် ဖြင့်လည်းကောင်း၊ ကြက်ဥ အလုံးသေး ( ၁ )လုံးလျှင် ( ၃၀၀)ကျပ်၊ အလတ် (၁ )လုံးလျှင် ( ၄၀၀) ကျပ်၊ အကြီး ( ၁) လုံးလျှင် ( ၄၅၀ )ကျပ်ဖြင့်လည်းကောင်း၊ ဘဲဥ တစ်လုံးလျှင် ( ၆၅၀)ကျပ်မှ ( ၇၀၀)ကျပ်၊ ငုံးဥ (၂၇)လုံးပါတစ်ထုပ်လျှင် ( ၁၀၀၀ )ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိရာ ကြက်ဥ၊ ဘဲဥနှင့်ငုံးဥ ဈေးနှုန်းများ အနည်းငယ် ကျဆင်းသွားကြောင်း သိရသည်။

DOCA(စစ်ကိုင်း)