
ဖိလစ်ပိုင်နိုင်ငံ၏ အစားအသောက်တင်ပို့သူများသည် အမေရိကန်နိုင်ငံစားသုံးသူများထံမှ ဝယ်လိုအားလျော့ချရန်ကြိုးပမ်းနေကြသော်လည်း နိုင်ငံပိုင်ညှိနှိုင်းသူများက ဖိလစ်ပိုင်နိုင်ငံ ကုန်စည်များအပေါ် ၂၀ ရာခိုင်နှုန်းကောက်ခံခြင်းအားလျော့ချရန် အနောက်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေး သဘောတူညီချက်များ ပြုလုပ်နေသဖြင့် အခြေနေမှာ ဆက်လက်ကောင်းမွန် လျက်ရှိကြောင်း သိရပါသည်။
ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များနှင့် အစားအသောက်ထုတ်ကုန်များ အပေါ် အခွန်တိုးမြင့်ခြင်းသည် အမေရိကန်စားသုံးသူများအား အကျိုးသက်ရောက်စေပြီး ရလဒ် အနေဖြင့် လက်လီစျေးနှုန်းများ မြင့်တက်စေနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံ အစားအသောက် ထုတ်လုပ်သူများ နှင့် တင်ပို့သူများ အဖွဲ့အစည်းအရ သိရပါသည်။ အပြန်အလှန်အခွန်များကို လက်လီစျေးကွက်အထိ သက်ရောက်အောင် ကူးပြောင်းထားခြင်းကြောင့် အမေရိကန် စားသုံးသူများသည် ပိုမိုစျေးကြီးသော ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် အစားအသောက် ထုတ်ကုန်များကို ရှောင်ဖယ်ကာ တစ်ခြားစျေးသက်သာသော ထုတ်ကုန်များကို အစားထိုး လာနိုင်ကြောင်း PhilFoodex မှပြောကြားခဲ့ပါသည်။ အဆိုပါအခြေအနေသည် စီးပွားရေး ပျက်ကပ်ကို ရင်ဆိုင်ရနိုင်ကြောင်း ၎င်းအဖွဲ့အစည်းက ထပ်ပေါင်းပြောကြားခဲ့ပါသည်။
ဖိလစ်ပိုင်နိုင်ငံသည် တစ်ခြားသော အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဥ်လျှင် အခွန်ပိုမို တိုးမြင့် ကောက်ခံခြင်း ခံရသည့်အပြင် ၎င်း၏ အစားအသောက်လုပ်ငန်းသည်လည်း ထုတ်ကုန် စရိတ်များ မြင့်တက်လာမှုများကြောင့် အခက်အခဲများ နှင့် ရင်ဆိုင်နေရကြောင်း PhilFoodex ၏ ဥက္ကဌ Ruben See ကပြောကြားခဲ့ပါသည်။ ၎င်းသည် အစိုးရအား အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေး ညှိနှိုင်းမှုများကို ဆက်လက်ဆွေးနွေးရန်နှင့် အကောက် ခွန်များကို ၅ ရာခိုင်နှုန်းခန့် လျော့ချပေးရန် တိုက်တွန်းနေကြောင်း သိရပါသည်။
ဖိလစ်ပိုင်နိုင်ငံသည် ယခင်နှစ်က အမေရိကန်နိုင်ငံနှင့် စိုက်ပျိုးရေးကုန်သွယ်မှုလိုငွေ စုစု ပေါင်း ၁.၃၇ ဘီလီယံခန့် ရှိနေကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့များ(PSA) ပြောကြားချက် အရ သိရပါသည်။ ၎င်းနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံသို့ စိုက်ပျိုးကုန်ပစ္စည်း ဒေါ်လာ ၁.၃၇ ဘီလီယံခန့် တင်ပို့ခဲ့ပြီး အနောက်နိုင်ငံ စီးပွားရေးမှ စိုက်ပျိုးရေးကုန်ပစ္စည်း ဒေါ်လာ ၃.၃၂ ဘီလီယံခန့် တင်သွင်းခဲ့ကြောင်း PSA အချက်အလက်များအရ သိရပါသည်။ PSA အချက် အလက်များအရ ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်း စိုက်ပျိုးကုန်ပစ္စည်း ၁၈ ရာခိုင်နှုန်းခန့်ကို အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)