
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဝယ်ယူ လျက်ရှိပြီး မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်မှ (၁၀.၇.၂၀၂၅)ရက်နေ့တွင် Global Good Pure Group ကုမ္ပဏီမှ ဝယ်ယူလာသော စားအုန်းဆီပေပါ(၆၀)နှင့် Myanmar Oil Alliance ကုမ္ပဏီမှ စားအုန်ဆီပေပါ(၅၅)သည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါစားအုန်းဆီများကို မြိတ်မြို့ရှိ လက်လီဆိုင်(၄၂)ဆိုင်သို့ ၂ရာခိုင်နှုန်းအမြတ်ဖြင့်ဖြန့်ဖြူး ရောင်းချပေးမည်ဖြစ်ပြီး ၎င်းတို့မှတစ်ဆင့် ပြည်သူများသို့ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြောင်းသိရှိ ရပါသည်။
DOCA(တနင်္သာရီ)