မြိတ်မြို့ သို့ ဆီကုမ္ပဏီမှဝယ်ယူထားသော စားအုန်းဆီများရောက်ရှိ

Powered by Drupal

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ဆီကုမ္ပဏီများမှ ဝယ်ယူ လျက်ရှိပြီး မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ်မှ (၁၀.၇.၂၀၂၅)ရက်နေ့တွင် Global Good Pure Group ကုမ္ပဏီမှ ဝယ်ယူလာသော စားအုန်းဆီပေပါ(၆၀)နှင့် Myanmar Oil Alliance ကုမ္ပဏီမှ စားအုန်ဆီပေပါ(၅၅)သည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့တွင် ‌‌မြိတ်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
          အဆိုပါစားအုန်းဆီများကို မြိတ်မြို့ရှိ လက်လီဆိုင်(၄၂)ဆိုင်သို့ ၂ရာခိုင်နှုန်းအမြတ်ဖြင့်ဖြန့်ဖြူး ရောင်းချပေးမည်ဖြစ်ပြီး ၎င်းတို့မှတစ်ဆင့် ပြည်သူများသို့ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြောင်းသိရှိ ရပါသည်။

DOCA(တနင်္သာရီ)