
ထားဝယ်မြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းနှင့် လယ်မြေများတွင် သီးပင်၊စားပင်းများစိုက်ပျိုးထားလျက်ရှိရာ ကြက်ဟင်းခါးပင်များကိုလည်း စိုက် ပျိုးထားပါသည်။ ကြက်ဟင်းခါးကို မြေဆီလွှာအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး အချိန်မှ စ၍ (၇၅)ရက်ခန့်တွင် စတင်ဆွတ်ခူးနိုင်ပါသည်။ ဆွတ်ခူးပြီးသောအသီးများကို စည်ပင်သာယာဈေးကြီးအတွင်း ရောင်းချကြပါ သည်။
ကြက်ဟင်းခါးသီးတစ်လုံးလျှင် (၇၀၀ မှ ၁၀၀၀)ကျပ်ရှိပြီး ယခင်နှစ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်လျက်ရှိပြီး တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်းသိရပါသည်။
DOCA(တနင်္သာရီ)