Main menu

ကမ္ဘောဒီးယားနိုင်ငံ၏ ထိပ်တန်းကုန်သွယ်မှုနိုင်ငံ ၂၀ နှင့် ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၃၀ ဘီလီယံကျော် ရရှိခဲ့

Powered by Drupal

      ကမ္ဘောဒီးယားနိုင်ငံ၏ ထိပ်တန်းကုန်သွယ်ဖက်နိုင်ငံ ၂၀ နှင့် ကုန်သွယ်မှု ပမာဏသည် ၂၀၂၅ ခုနှစ်၊ ပထမ ခြောက်လအတွင်း  အမေရိကန်ဒေါ်လာ ၃၀.၅၇ ဘီလီယံ အထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလတွင် မှတ်တမ်းတင်ထားသည့် ကန်ဒေါ်လာ ၂၆.၀၉ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၁၇.၂ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ အကောက်ခွန်နှင့် စည်းကြပ်မှုဦးစီးဌာန (GDCE) က ၁၀-၇-၂၀၂၅ ရက်နေ့ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်သည် ၂၀၂၄ ခုနှစ်၊ ပထမ နှစ်ဝက်တွင် ကန်ဒေါ်လာ ၁၂.၃၀ ဘီလီယံ မှ ကန်ဒေါ်လာ ၁၆.၂ ဘီလီယံ(၁၆.၂ ရာခိုင်နှုန်း)အထိ မြင့်တက်ခဲ့ပြီး သွင်းကုန်သည် ၂၀၂၄ ခုနှစ် အလားတူကာလမှ ကန်ဒေါ်လာ ၁၃.၈၀ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေပြီး စုစုပေါင်းကုန်သွယ်မှုသည် ၉.၂၇ ဘီလီယံအထိရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်  ၂၆.၉ ရာခိုင်နှုန်းတိုးမြင့်လာခဲ့သည်။ ကုန်သွယ်မှု အလုံးစုံတိုးတက်မှု ရှိသော်လည်း တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်သည် ၇.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကန်ဒေါ်လာ ၇၅၀.၆ သန်းရရှိခဲ့သည်။ ကျွမ်းကျင်သူများက ကမ္ဘောဒီးယားနိုင်ငံ၏ ကုန် ထုတ်လုပ်မှုကဏ္ဍ အထူးသဖြင့် အထည်ချုပ်၊ ဖိနပ်နှင့် စိုက်ပျိုးရေးထုတ်ကုန်များ၏ ခိုင်မာသော ပို့ကုန်စွမ်းဆောင်ရည် ကြောင့်ဖြစ်ကြောင်းနှင့် သွင်းကုန်များ မြင့်တက်လာခြင်းသည် ကုန်ကြမ်း၊ စက်ယန္တရားများ၊ ဆောက်လုပ်ရေးနှင့် လူသုံးကုန်ပစ္စည်းများအတွက်ခိုင်မာသော ပြည်တွင်း ဝယ်လိုအား များဖြစ်ကြောင်း  အထောက်ပြခဲ့ကြသည်။  ကမ္ဘောဒီးယားနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများသည် တရုတ်၊ အမေရိကန်၊ ဂျပန်၊ ဗီယက်နမ်၊ ထိုင်းနှင့် UAE နိုင်ငံတို့ ဖြစ်ကြသည်။

Source: Khmer Times

DOCA(ရန်ကုန်)