Main menu

၂၀၂၅ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင် ငါးလုပ်ငန်းကဏ္ဍမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံရရှိရန် ဗီယက်နမ်အရှိန်မြှင့်ဆောင်ရွက်မည်

Powered by Drupal

       ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင်တင်ပို့မှုအားကောင်းခြင်းနှင့်အတူ ဗီယက်နမ်၏ ငါးလုပ်ငန်းကဏ္ဍသည် တစ်နှစ်တာကာလတင်ပို့မှုရည်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၀.၅ ဘီလီယံရရှိရန် အခွင့်အလမ်းများကိုပိုင်ဆိုင်ထားကြောင်း သိရပါသည်။ ပထမှနှစ်ဝက်တွင် အမေရိကန်‌ဒေါ်လာ ၅.၁၆ ဘီလီယံရရှိခဲ့ခြင်းကြောင့် ဒုတိယနှစ်ဝက်တွင် ရည်မှန်းချက် ၅.၄ ဘီလီယံ ရရှိရန်အတွက် ဈေးကွက်မဟာဗျူဟာ၊ ထုတ်ကုန်အဓိကထားမှုနှင့် ထောက်ပံ့မှု ကွင်းဆက်စဉ်ဆက်မပြတ်ရရှိမှုတို့မှာ အရေးပါသောလိုအပ်ချက်ဖြစ်ကြောင်း သိရပါသည်။ ဇွန်လတွင် အမေရိကန်‌ဒေါ်လာ သန်း ၉၅၀ တန်ဖိုးတင်ပို့နိုင်ခဲ့ခြင်းကြောင့် ပထမနှစ်ဝက်တွင် စုစုပေါင်း တင်ပို့မှုတန်ဖိုးအမေရိကန်ဒေါ်လာ ၅.၁၆ ဘီလီယံထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်နှင့် နှိုင်းယှဉ်ပါက ၁၆.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၀၇ ဘီလီယံရရှိခဲ့သောပုဇွန်နှင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရရှိခဲ့သော pangasius ငါး(ငါးတန်) တို့မှာ တင်ပို့မှု၏အဓိကမောင်းနှင်အားများဖြစ်ကြောင်း သိရပါသည်။ တရုတ်၊ အမေ ရိကန်နှင့် ဂျပန်တို့မှာ ဗီယက်နမ်၏ထိပ်တန်း ပင်လယ်စာဈေးကွက် ၃ ခုဖြစ်ပြီး စုစုပေါင်းတင်ပို့မှု တန်ဖိုး၏ ၁၉.၆ ရာခိုင်နှုန်း၊ ၁၈.၂ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရပါသည်။ တရုတ်သို့တင်ပို့မှုမှာ ၅၃.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အမေရိကန်နှင့် ဂျပန်သို့တင်ပို့မှုမှာ ၂၂.၈ ရာခိုင်နှုန်းနှင့် ၉.၁ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဘရာဇီးသည် တင်ပို့မှု တန်ဖိုး ၇၁.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ခြင်းနှင့်အတူ ကြီးထွားမှုအမြန်ဆုံးဈေးကွက်အဖြစ် ပေါ်ထွက်လာခဲ့ပြီး တင်ပို့မှုတိုးချဲ့နိုင်ရန်အတွက် အလားအလာသစ်လက္ခဏာကို ပြသခဲ့ကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)