Main menu

၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင်စိုက်ပျိုးရေးထုတ်ကုန်တင်ပို့ရာမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၈၇ ဘီလီယံရရှိခဲ့သည့် ကမ္ဘောဒီးယား

Powered by Drupal

     ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၏ ပထမ ၆ လတာကာလတွင် စိုက်ပျိုးရေး ထုတ်ကုန်များတင်ပို့ရာမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၂.၈၇ ဘီလီယံရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံစိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန(MAFF) အောက်ရှိ စိုက်ပျိုးရေးအထွေထွေဦးစီးဌာန၏ တင်ပြချက်အရ သိရပါသည်။ ထိုကာလတွင် ကမ္ဘောဒီးယား သည် စိုက်ပျိုးရေးထုတ်ကုန်တန်ချိန် ၇.၈ သန်းတင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ၆ လတာကာလနှင့် နှိုင်းယှဉ်ပါက ၂၇.၆၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ နိုင်ငံသည် ဆန်မဟုတ်သည့် စိုက်ပျိုးရေးထုတ်ကုန်တန်ချိန် ၄.၂ သန်းတင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၉၂၆ ဘီလီယံ၊ စပါးတန်ချိန် ၃.၁ သန်းကျော်တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၆၃၈ သန်းနှင့် ဆန်တန်ချိန် ၃၈၀၀၀၀ တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၃၀၇ သန်းရရှိခဲ့ကြောင်း သိရပါသည်။ အကြိမ် ၂၀ မြောက် National Fish Day တွင် ဝန်ကြီးချုပ် Hun Manet က တော်ဝင်အစိုးရသည် အစားအစာဖူလုံရေး၊ ပြည်သူလူထု၏လူမှုဘဝများတိုးတက်ရေးနှင့် စဉ်ဆက်မပြတ်စီးပွားရေး ကြီးထွားရေးတို့တက် ဦးစားပေးအနေဖြင့်ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားခဲ့ပါ သည်။  MAFF ဝန်ကြီး Dith Tina ကလည်း ဝန်ကြီးဌာန၌ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ အားလုံးသည် Pentagonal Strategy Phase 1 ကို အကောင်အထည်ဖော်ရန်လုပ်ကိုင်လျှက် ရှိကြောင်း နှင့် ရေကြီးခြင်း၊ El Nino ရာသီဥတုနှင့် ပိုးမွှားကျရောက်မှုတို့ပါဝင်သည့် များစွာသော စိန်ခေါ်မှုများ ၂၀၂၄ ခုနှစ်တွင်ကြုံတွေ့ခဲ့သော်လည်း ကမ္ဘောဒီးယားနိုင်ငံ၏စိုက်ပျိုးရေးကဏ္ဍ သည် အောင်မြင်မှုရလဒ်များရရှိခဲ့ကြောင်းပြောကြားခဲ့ပါသည်။ နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းသီးနှံတန်ချိန် ၃၆ သန်းထုတ်လုပ်ခဲ့ပြီး ပြည်တွင်းအစားအစာအပြည့်အဝဖူလုံရုံ သာမက စိုက်ပျိုးရေးထုတ်ကုန်တန်ချိန် ၁၂ သန်းကို ပြည်ပသို့တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ခန့်မှန်း ၅.၃ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။

Khmer Times                                                                            

DOCA (ရန်ကုန်)