Main menu

ကမ္ဘောဒီးယားတွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိသော ဆိုလာစွမ်းအင် စီမံကိန်းအတွက် အာမခံချက်ပြုခဲ့သည့် တရုတ်ရင်းနှီးမြှုပ်နှံသူ

Powered by Drupal

     တရုတ်ရင်းနှီးမြှုပ်နှံသူသည် ကမ္ဘောဒီးယားနိုင်ငံ Kampong Speu ပြည်နယ်တွင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ကြေးရှိသော အကြီးစားဆိုလာစွမ်းအင်စီမံကိန်း တည်ထောင်မည်ဟု ကြေညာခဲ့ပြီး နိုင်ငံ၏ပြည်ဖြိုးမြဲစွမ်းအင်ကဏ္ဍတိုးချဲ့ရန်အတွက် သိသာ ထင်ရှားသောခြေလှမ်းတစ်ရပ်ဖြစ်ခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံ Dongbaishan Holding Group Co., Ltd ၏ ဥက္ကဌ Si Juchen က Kampong Speu ပြည်နယ်အုပ်ချုပ်ရေးမှူး Cheam Chan Sophorn နှင့် ဇူလိုင်လ ၇ ရက်နေ့ကအစည်းအဝေးတွင်း ထိုကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ဟတ်တာ ၆၀၀ အကျယ်အဝန်းရှိသည့် စီမံကိန်းကို ၂၀၂၅ ခုနှစ် ဇူလိုင် လလည်တွင် စတင်တည်ဆောက်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ၎င်းကို Dongbaishan Holding Group Co., Ltd၊ Cambodia Community Development Association China နှင့် SL Sunlight Green Energy Solar power Co., Ltd တို့ကြားပူးတွဲရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရ ပါသည်။ Si Juchen က တရုတ်နိုင်ငံတွင် နှစ် ၂၀ ကျော်သက်တမ်းရှိသည့် ၎င်း၏ကုမ္ပဏီသည် ကမ္ဘောဒီးယားအား အစိမ်းရောင်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုအတွက် ထွန်းသစ်စတည်နေရာအဖြစ် ရှုမြင်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုဆိုလာစွမ်းအင်စက်ရုံစတင်လည်ပတ်ပါက အလုပ်အကိုင် ၁၅၀၀ မှ ၃၀၀၀ ကြားဖန်တီးပေးနိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ ပြည်နယ်အုပ်ချုပ်ရေး မှူး Cheam Chan က ၎င်းသည် ပြည်နယ်၏ပထမဆုံးပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယား၏စီးပွားရေးအလားအလာအပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ယုံကြည်ချက် ကြီးထွားလာမှုကို ရောင်ပြန်ဟပ်ကြောင်း သိရပါသည်။ ထို့ပြင် Chan က ပြည်နယ်အာဏာပိုင် များသည် နိုင်ငံ၏ ဥပဒေများနှင့် စည်းမျဉ်များနှင့်အတူ စီမံကိန်းလွယ်ကူချောမွေ့စေရေး အပြည့် အဝပံ့ပိုးပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ လတ်တလောတွင် ပြည်နယ်၌ စက်ရုံနှင့် လုပ်ငန်း ပေါင်း ၂၄၄၂ ခုရှိပြီး ၉၀ ရာခိုင်နှုန်းကျော်မှာ တရုတ်နိုင်ငံမှလာသောရင်းနှီးမြှုပ်နှံသူများ ဖြစ်ကြောင်း သိရပါသည်။ ထိုဆိုလာစွမ်းအင်စီမံကိန်းသည် ကမ္ဘောဒီးယား၏ စွမ်းအင်အရင်း အမြစ်ကွဲပြားရန်၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ရန်နှင့် ပြည်နယ်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် ကူညီပေးနိုင်ရန်မျှော်လင့်ရကြောင်း သိရပါသည်။

Khmer Times                                                                            

DOCA (ရန်ကုန်)