Main menu

၂၀၂၅ ခုနှစ်၏ ပထမ ၆ လတာကာလတွင် စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန် တင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ နီးပါးရရှိခဲ့သည့် ဗီယက်နမ်

Powered by Drupal

        ၂၀၂၅ ခုနှစ်၏ ပထမ ၆ လတာကာလတွင် ဗီယက်နမ်သည် စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန်တင်ပို့မှုမှတစ်ဆင့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၃.၈၄ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၅.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ကုန်သွယ်ရေး ပိုငွေ အမေရိကန် ၉.၈၃ ဘီလီယံဖြင့် ၁၆.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင် စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး Phung Duc Tien က ဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် အကျဉ်းချုပ်ပြောကြားခဲ့ပါသည်။ ဒုတိယဝန်ကြီး၏အဆိုအရ ထိုရလဒ် များနှင့် တင်ပို့မှုအရှိန်မြှင့်တင်မှုများကြောင့် ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်ကုန်တွင် စိုက်ပျိုးမွေးမြူ ရေး-သစ်တော-ရေထွက်ကုန်တင်ပို့မှုမှ တစ်ဆင့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံထိ ရရှိနိုင်ကြောင်း သိရပါသည်။ ဝန်ကြီးဌာနအောက်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဦးစီးဌာန ၏ ဒုတိယညွှန်ကြားရေးမှူး Tran Gia Long က ထို ၆ လတာကာလတွင် စိုက်ပျိုးရေး ထုတ်ကုန်တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈.၄၆ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလထက် ၁၇.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ မွေးမြူရေးထုတ်ကုန်တင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၂၆၄.၄ သန်းရရှိခဲ့ပြီး ၁၀.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ရေထွက်ကုန် တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၅.၁၆ ဘီလီယံဖြင့် ၁၆.၉ ရာခိုင်နှုန်း၊ သစ်တောထွက်ကုန် တင်ပို့မှုမှဝင်ငွေအမေရိကန်ဒေါ်လာ ၈.၈၂ ဘီလီယံဖြင့် ၉.၃ ရာခိုင်နှုန်းနှင့် ဆားတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅.၇ သန်းဖြင့် ၂.၄ ဆမြင့်တက် ခဲ့ကြောင်း သိရပါသည်။ ကော်ဖီ၊ ငရုတ်ကောင်းနှင့် သီဟိုဠ်စေ့အစရှိသည့် အမျိုးအစားအချို့မှာ ကမ္ဘာလုံးဆိုင်ရာဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ပို့ကုန်ဝင်ငွေရရှိမှု သိသာစွာမြင့်တက်ခဲ့ ကြောင်း သိရပါသည်။ ဗီယက်နမ် သည် ယခုနှစ် ပထမနှစ်ဝက်တွင် ကော်ဖီတန်ချိန် ၉၅၃၉၀၀ တင်ပို့ရာမှဝင်ငွေ အမေရိကန် ဒေါ်လာ ၅.၄၅ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက တင်ပို့သည့်  ပမာဏတွင် ၅.၃ ရာခိုင်နှုန်းသာမြင့်တက်ခဲ့သော်လည်း ဝင်ငွေရရှိမှု တွင် ၆၇.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်ကော်ဖီအကြီးမားဆုံး ဝယ်ယူသူများမှာ ဂျာမနီ၊ အီတလီနှင့် စပိန်တို့ဖြစ်ပြီး မက္ကဆီကိုသို့တင်ပို့မှုမှာ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်နှင့်နှိုင်းယှဉ်ပါက ၇၁ ဆမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ်သည် ရာဘာတန်ချိန် ၆၈၀၁၀၀ တန်တင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၂၇ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။ တင်ပို့သည့်ပမာဏတွင် ၆.၅ ရာခိုင်နှုန်းကျဆင်းခဲ့ သော်လည်း ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းများ မြင့်တက်မှုကြောင့် တင်ပို့သည့်တန်ဖိုးမှာ ၁၄.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် အကြီးမားဆုံးတင်ပို့ရာဈေးကွက် ဖြစ်ပြီး စုစုပေါင်းတင်ပို့မှု၏ ၇၀ ရာခိုင်နှုန်းခန့် ရှိကြောင်းသိရပါသည်။ သီဟိုဠ်စေ့တင်ပို့မှုမှာ လည်း တန်ချိန် ၃၄၆၈၀၀ တန်ဖြင့် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၃၆ ဘီလီယံ တန်ဖိုးရှိကြောင်း သိရပါသည်။ တင်ပို့သည့်ပမာဏ ၂.၇ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ပျမ်းမျှဈေးနှုန်းမြင့်တက်မှုကြောင့် တန်ဖိုးတွင် ၂၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အဓိကဈေးကွက်များတွင် တရုတ်၊ အမေရိကန်နှင့် နယ်သာလန် တို့ပါဝင်ပြီး ယူအေအီး နိုင်ငံသို့တင်ပို့မှုမှာ ၅၀.၄ ရာခိုင်နှုန်းဖြင့် တင်ပို့မှုစံချိန်တင်ကြီးထွားခဲ့ ကြောင်း သိရပါသည်။ အချုပ်အားဖြင့်ဆိုရသော် နိုင်ငံ၏ပို့ကုန်စီးပွားရေး၏ အဓိကမဏ္ဍိုင်များ ဖြစ်သည့် ဆန်နှင့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ တန်ဖိုးတွင် ကျဆင်းခဲ့ကြောင်း သိရပါ သည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၆ လတွင် ဗီယက်နမ်သည်ဆန်တန်ချိန် ၄.၉ သန်းတင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၅၄ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။ ပမာဏတွင် ၇.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ပျမ်းမျှတင်ပို့သည့်ဈေးနှုန်းကျဆင်းမှုကြောင့် စုစုပေါင်းတန်ဖိုးတွင် ၁၂.၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ ဖိလစ်ပိုင်သည် တင်ပို့သည့်ဈေးကွက်ဝေစု၏ ၄၃.၃ ရာခိုင်နှုန်းပိုင်ဆိုင်ထားပြီး မလေးရှားသို့တင်ပို့မှုမှာ ၅၄.၇ ရာခိုင်နှုန်းထိသိသာစွာ ကျဆင်းခဲ့ ကြောင်း သိရပါသည်။ သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှာ ဝင်ငွေ ၃.၀၅ ဘီလီယံရရှိခဲ့ပြီး ၈.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ဈေးကွက်ဝေစု၏ ၄၈.၂ ရာခိုင်နှုန်းဖြင့် အကြီးမားဆုံးဈေးကွက်ဖြစ်သော်လည်း ထိုဈေးကွက်သို့တင်ပို့မှုမှာ ၃၅.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။ အမေရိကန်သို့တင်ပို့မှုမှာမူ ၆၅.၂ ရာခိုင်နှုန်းထိ သိသာ စွာမြင့်တက်ခဲ့ကြောင်း သိရပါသည်။ Long က တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်မှု၊ ယှဉ်ပြိုင်နိုင်စွမ်းနှင့် စဉ်ဆက်မပြတ်ဈေးကွက်ကြီးထွားမှု အရှိန်အဟုန်မြှင့်တင်ပေးမည့် တန်ဖိုး ကွင်းဆက် မော်ဒယ်မှတစ်ဆင့် ဗီယက်နမ်၏ စိုက်ပျိုးရေကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဝန်ကြီးဌာနက ကတိကဝတ်ပြုကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းတို့တွင် ထုတ်လုပ်မှု၊ ပြုပြင် ထုတ်လုပ်မှုနှင့် အမှတ်တံဆိပ်တည်ထောင်မှုမြှင့်တင်ခြင်းနှင့် အရည်အသွေးစံနှုန်းတိုးတက်ရန် နှင့် ထောက်ပံ့မှု ကွင်းဆက်ပြသနာများဖြေရှင်းရန်အတွက် ဥပဒေသစ်များနှင့် မူဝါဒသစ်များ အကောင်အထည် ဖော်ခြင်းတို့ ပါဝင်ကြောင်း သိရပါသည်။ ဝန်ကြီးဌာနသည်လည်း တရုတ်၊ ဥရောပသမဂ္ဂနှင့် ဂျပန်တို့ကို အဓိကထားသော ပို့ကုန်ဈေးကွက်များကွဲပြားစေရန်နှင့် ကဏ္ဍနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုး‌ပေးရန် ဈေးကွက်သု‌တေသနနှင့် ပြည်တွင်းရောင်းချမှု တိုးတက်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)