Main menu

အင်ဒိုနီးရှားနှင့် ဆော်ဒီအာရေးဗီးယားတို့သည် အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံတန်ဖိုးရှိ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို သဘောတူညီခဲ့ကြ

Powered by Drupal
အင်ဒိုနီးရှားနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် သန့်ရှင်းသောစွမ်းအင်၊ ရေနံဓာတုဗေဒ လုပ်ငန်းများ၊ လေကြောင်းလောင်စာဆီဝန်ဆောင်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးနှင့် ကျန်းမာ ရေးနည်းပညာများအပါအဝင် ကဏ္ဍအသီးသီးတွင် အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံခန့် တန်ဖိုးရှိသော စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို သဘောတူညီခဲ့ကြသည်။ ဇူလိုင်လ ၃ ရက်နေ့တွင် အင်ဒိုနီးရှားသမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ အဆိုပါသဘော တူညီချက်များကို နှစ်နိုင်ငံစလုံးမှ ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများမှ လက်မှတ်ရေးထိုးခဲ့ကြပြီး သမ္မတ Prabowo Subianto နှင့် ဆော်ဒီ အိမ်ရှေ့မင်းသား Mohammed bin Salman တို့က ဇူလိုင်လ ၂ ရက်နေ့တွင် Jeddah ရှိ Al-Salam နန်းတော်၌ နှစ်နိုင်ငံတွေ့ဆုံမှုအတွင်း ကြိုဆိုခဲ့ ကြသည်။ ပူးတွဲထုတ်ပြန်ချက်တွင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက် မှု အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးတွင် ပိုမိုအားကောင်းသော ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းစေရေးနှင့် တိုးချဲ့ရန် ကတိကဝတ် ပြုထားကြောင်း ဖော်ပြခဲ့သည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ အစွန်းရောက်ဝါဒကို တိုက်ဖျက်ရေး၊ ဆိုက်ဘာလုံခြုံရေး သတင်းအချက် အလက် ဖလှယ်ရေးနှင့် လေ့ကျင့်ရေးများ အပါအဝင် ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာမှုတို့ကိုလည်း နှစ်နိုင်ငံလုံးမှကြိုဆိုခဲ့ကြသည်။ G20၊ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ဘက်မလိုက်လှုပ်ရှား မှုစသည့် နိုင်ငံပေါင်းစုံ ယန္တရားများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အရေးကြီးကြောင်း ခေါင်းဆောင် နှစ်ဦးစလုံးက အတည်ပြုခဲ့ကြောင်းသိရသည်။ Source : Xinhua DOCA(ရန်ကုန်)